Thursday, 13 August 2009

ဒီနေ့တော့ ကိုယ့်ကိုကိုယ် တကယ်မိတ်ဆက်သင့်ပြီလို့ထင်လို့ပါ .. ကြားထဲမှာ ကျောင်းက assignmentကို အချိန်မှီပြီးအောင်တင်ဖို့ကြိုးစားနေရတာနဲ့ စာမရေးဖြစ်လိုက်ဘူးရော ..
ဝေမီ့နာမည်က ဝေမီပါ .. ဝေမီက အခု စင်္ကာပူမှာ ကျောင်းတက်နေပါတယ် .. တနေတနေ့ assignmentsတွေ projectsတွေနဲ့ လုံးလည်လိုက်နေရတာ .. အကျင့်ကလဲ သိပ်မကောင်းတော့ စာဆိုရင်ဘယ်တော့မှ ကြိုမလုပ်ဖြစ်ပါဘူး .. ဟီး .. အနားကပ်မှ ကျွဲရိုင်းသောက်ပြီး ၂ညလောက်ဆက်တိုက်လောက်မအိပ်ပဲ အသက်ရှင်တာ ..
ဝေမီ့မှာ ရှိတဲ့သူငယ်ချင်းတော်တော်များများက တစ်ယောက်တစ်မျိုးပုံစံတစ်မျိုးစီ ရစ်တတ်ကြပါတယ် .. (ကြားရင် အရိုက်ခံရတော့မယ် .. )
သူတို့နဲ့ စကားပြောဖြစ်ပြီဆိုရင် တွေးချင်စရာလေးတွေ ပါပါလာတတ်လို့ ဒီblogလေးကိုရေးဖို့ ဆုံးဖြတ်လိုက်တာပါ ..
ဝေမီက စာရေးမကောင်းပါဘူး .. အခုဒီနားလောက်ထိဖတ်ပြီးပြီဆိုရင် သိလောက်ပါပြီရော ..
ဝေမီ့အသက် ၁၉နှစ်ပါ(တော်တော်တောင်ကျော်နေပါပြီ.. :P ) .. horoscopeတွေ chinese zodiacတွေ တော်တော်လေးစိတ်ဝင်စားပါတယ် .. ပြီးတော့ ဝေမီက ခေါင်းမာတဲ့ scorpioပါ .. ပြန်မပြောနားမထောင်လို့ပြောလို့ရပါတယ် .. အဟီး .. အစနားမှာ ပြောခဲ့သိလိုပေါ့ .. အကျင့်သိပ်ကောင်းပါဘူးရှို .. ဒါပေမဲ့ ခင်တတ်ပါတယ်ရော .. ပေါက်ကရတွေလဲ အရမ်းပြောပါတယ် ..
အူကြောင်ကြောင်တွေလဲ တွေးတတ်ပါတယ် ..
အဲဒါကြောင့် ဒီblogကိုရောက်လာတယ်ဆိုရင် ချောက်တွန်းခံလိုက်ရတယ်လို့သာ မှတ်ပါနော် ..

နောက်နေ့မှ ဝေမီ့အတူနေ အခန်းဖော်နဲ့ စကားပြောရင်းတွေးမိတဲ့ အကြောင်းလေးဆက်ရေးပါဦးမယ် =]

Labels: , , ,

မှတ်မှတ်ရရ ;; 03:08

the girl

ဒီလိုပဲ ရောက်တတ်ရာရာတွေ ရေးနေတဲ့ မိန်းကလေးတစ်ယောက်ပါပဲ..ဒါပေမဲ့ သာမန်တော့ မဖြစ်ချင်ခဲ့ဘူး

လက်တလော နားထောင်ဖြစ်တဲ့



MusicPlaylist
Music Playlist at MixPod.com



အာလူးဖုတ်ဖို့





လည်လည်သွားဖြစ်တဲ့

စားချင်တာလေးတွေရှိရင်
ထမင်းအိုး
မမလုလုရဲ့ မီးဖိုချောင်
အပြင်မှာ တကယ်သိတဲ့ bloggerတွေ
ကိုသန့်ဇင်ဦး
ကိုမြတ်မင်းဟန်
မောင်Harry
မောင်သာဂိ
ခဏခဏသွားဖတ်ဖြစ်တဲ့ bloggerတွေ
မေလေး
ဇော်ဇော်
မိုးလှိုင်ည
နိုင်းနိုင်းစနေ


Memories

August 2009


credits


Designer@viv-ien.bs.com
Pictures @ ONE TWO
Brushes @ Brusheezy.com